မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် ခိုင်မာသည့် သမိုင်းအထောက်အထားများရှိ၍ မှတ်တမ်းမှတ်ရာများနှင့်ကိုက်ညီအောင်အတတ်နိုင်ဆုံးဆောင်ရွက်ရမည်

0
339

မန္တလေးနန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်း တော်ကြီးအားထိန်းသိမ်းရာတွင် သမိုင်းမှတ်တမ်းမှတ်ရာများနှင့်ကိုက်ညီအောင်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှ မေ ၂၆ ရက်မွန်းလွဲပိုင်းက မြနန်းစံကျော်ရွှေနန်းတော်ကြီးထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအားမှာကြားခဲ့ခြင်းဖြစ်သည်။

မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် အခြား နန်းတော်ကြီးများနှင့်မတူဘဲ တည်ဆောက်ပုံ၊တည်ရှိပုံများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ ပြည့်ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်ကာ ကိုလိုနီခေတ်ကပင် ပြည်တွင်း၊ပြည်ပမှတ်တမ်းမှတ်ရာ၊အကိုးအကားများ စုံစုံလင်လင်ရှိပြီးဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ခိုင်မာသည့်သမိုင်းအထောက်အထားများရှိ၍ မှတ်တမ်းမှတ်ရာများနှင့်ကိုက်ညီရန် အတတ်နိုင်ဆုံးဆောင်ရွက်သွားရမည်ဖြစ်ပြီး နန်းတော်ကြီးအတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း ရှေးခေတ်အသုံးအဆောင်များနှင့်ပုံစံတူများထားရှိနိုင်ရန် မှတ်တမ်းများကိုပြန်လည်ကြည့်ရှု၍ ဆောင်ရွက်ရန် မှာကြားသည်။

“မှန်နန်းဆောင်အတွင်းက တိုင်လုံးတွေပေါ်မှာ မှန်စီရွှေချတာတွေကို သပ်ရပ်မှုရှိအောင်ပြန်လုပ်ရပါမယ်၊ ပလ္လင်တော်အပါအဝင် တချို့အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရေရှည်တည်တံ့ခိုင်မြဲစေဖို့ မှန်ကာရံဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့ပြင် နန်းဆောင်အချင်းချင်းဆက်သွယ်ထားသည့်လမ်းများအား မူလပုံစံများအတိုင်း အတတ်နိုင်ဆုံးဖြစ်ရန် ဆောင်ရွက်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ လာရောက်လေ့လာသူများကို ပိုမိုဆွဲဆောင်နိုင်ရေးတို့ကို နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌသည် မြနန်းစံကျော်ရွှေနန်းတော်ကြီးအတွင်းရှိ မှန်နန်းတော်ကြီး၊ဗောင်းတော်ဆောင်၊ညီလာခံကျင်းပရာအဆောင်များ၊မှန်နန်းဆောင်၊အလယ်နန်းဆောင်၊ရွှေနန်းတော်ကြီးအတွင်း၊မြနန်းစံကျော်ရွှေနန်းတော်ကြီး သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့်နန်းတွင်းအသုံးအဆောင်ပစ္စည်းများခင်းကျင်းပြသထားမှုများကို ကြည့်ရှုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here