ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ကြမ်းပြင်တွင် မျိုးစိတ်သစ် ၅,၀၀၀ ကျော်တွေ့ရှိခဲ့ဟုဆို

0
314

သုတေသီများသည် ပစိဖိတ်သမုဒ္ဒရာ၏ Clarion – Clipperton Zone (CCZ) တွင် မျိုးစိတ်ပေါင်း ၅,၀၀၀ ကျော်ကို အသစ်ရှာဖွေတွေ့ရှိခဲ့သည်ဟုသိရသည်။၎င်းတို့၏လေ့လာမှုအရ မျိုးစိတ်များ၏ ၈၈ မှ ၉၂ ရာခိုင်နှုန်းခန့်ကို ယခင်ကတစ်ခါမျှမတွေ့ဖူးကြောင်းပြောကြားခဲ့သည်။

CCZ သည် ဘက်ထရီပြုလုပ်ရန်လိုအပ်သော အရေးပါသည့် သတ္တုများကိုတူးဖော်မှုအတွက်လူသိများသော်လည်း ရေနေသတ္တဝါများ ကြွယ်ဝသောနေရာလည်းဖြစ်သည်။

ကျယ်ပြန့်သောအဆိုပါဒေသသည် အနက်မီတာ ၄,၀၀၀ မှ ၅,၅၀၀ တွင်ရှိပြီး ဗဟိုပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ကီလိုမီတာ ၅,၀၀၀ ကျယ်ဝန်းကြောင်းသိရသည်။

မေလ ၂၅ ရက်၌ထုတ်ဝေသည့် သိပ္ပံပညာဂျာနယ် Current Biology ၏လေ့လာမှုအရ ယင်းဒေသသည် ရေနက်တူးဖော်မှုအတွက် အနာဂတ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။သုတေသီများသည်ပစိဖိတ်သမုဒ္ဒရာသို့ သွားရောက်ခဲ့ကြပြီး ၎င်းတို့၏ ခရီးစဉ်အတွင်း CCZ တွင်တွေ့ရှိရသည့် မျိုးစိတ်များ၏မှတ်တမ်းများကိုရှာဖွေကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here