၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ဇွန်လအတွင်း ထုတ်ပြန်ပေးသွားမည်

0
524

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအား လာမည့် ဇွန်လအတွင်း ထုတ်ပြန်ပေးသွားရန် စီစဥ်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသ ည်။

လက်ရှိတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့် ရက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ အောင်စာရင်း ထုတ်ပြန်မည့် နေ့ရက်နှင့် အစီအစဥ်များအား နိုင်ငံပိုင်မီဒီယာများနှင့် သတင်းစာများမှတစ်ဆင့် အသိပေးကြေညာသွားမည်ဖြစ်ဟုသာ ပြောဆိုထားခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ရာတွင် ယခင်ထုတ်ပြန်သည့် ပုံစံအတိုင်း သက်ဆိုင်ရာ စာစစ်ဌာန၊ ကျောင်းများတွင် ကပ်ထားပေးခြင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သည့် www.myanmarexam. org တွင် တစ်နိုင်ငံလုံးစာ အောင်စာရင်းများကို လွှင့်တင်ပေးခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ထို့ပြင် ဝေးလံသောဒေသများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိသည့် ဒေသများရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှတဆင့် အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သက်ဆိုင်ရာ ဘာသာရပ်အားလုံး၌ ဝင်ရောက်ဖြေဆိုသူပေါင်း ၁၆၁၈၅၀ ဦးရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here