အာဆီယံနိုင်ငံများမှ ပေးပိုသည့် အကူအညီပစ္စည်းများ တတိယအသုတ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

0
271

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် အမေရိကန်ဒေါ်လာ ခန့်မှန်း (၅၃၀၀၀)ကျော် တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်း တန်ချိန်စုစုပေါင်း (၁၆) တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက်သို့ တတိယအသုတ် အနေဖြင့် ထပ်မံရောက်ရှိလာကြောင်း သိရသည်။

ယနေ့ တတိယ အသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံညှိနှိင်းရေးဌာန AHA Centre တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပိုဆောင်နိုင်ရေးလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ရောက်ရှိလာသည့် ထောက်ပံ့ကူညီရေးပစ္စည်းများမှာ AHA တံဆိပ်ပါ မိသားစု ငါးဦးအသုံးပြုနိုင်သည့်မီးဖိုချောင်သုံး ပစ္စည်း ၅၂ ထုပ်၊ Shelter Tool kit ၂၁၀ ထုပ် ၊ တာပေါ်လင်စ ၂၈၀ ထုပ် ၊ စုစုပေါင်း ၅၄၂ ထုပ်ပါဝင်ပြီး ကုန်တန်ချိန် (၁၆ )တန်ခွဲ ခန့်ဖြစ်ကြောင်း သိရသည်။

အာဆီယံ နိုင်ငံများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးရာတွင် လေဘေးသင့် ပြည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထားကြောင်း သိရသည်။

လက်ရှိတွင် သဘာဝဘေး အန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဝန်ကြီးဌာန အသီးသီးနှင့် အချိန်နှင့် တပြေးညီပူးပေါင်းဆောင်ရွက်လက်ရှိပြီး AHA Centre သက်ဆိုင်ရာ နိုင်ငံတကာအဖွဲအစည်းများနှင့်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here