ဆီးရီးယားရှိ IS လက်နက်ကိုင်အဖွဲ့သို့ ဝင်ရန်ကြိုးပမ်းခဲ့သော ဗြိတိန်အမျိုးသား တစ်သက်တစ်ကျွန်း ချမှတ်ခံရ

0
183

ဗြိတိန်တရားရုံးသည် အသက် ၂၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS) သို့ ဝင်ရောက်ရန်အတွက် ဆီးရီးယားသို့ သွားရောက်ခဲ့မှုဖြင့် မေလ ၂၆ ရက် သောကြာနေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

တရားသူကြီး မက်ခ် လူးခရက်ဖ် သည် လန်ဒန် အနောက်မြောက်ပိုင်း၊ ဟိုက်ဝီကမ်းမြို့မှ ရှဘတ်စ် ဆူးလဲမန်ကို ဗြိတိန်ဥပဒေအရ တားမြစ်ထားသော အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆူးလဲမန် သည် ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ဗြိတိန်မှ တုကီယေး နိုင်ငံသို့ သွားရောက်ခြင်းဖြင့် ဆီးရီးယားရှိ IS အဖွဲ့နှင့် ပူးပေါင်းကာ အကြမ်းဖက်မှုများ ပြုလုပ်ရန် ပြင်ဆင်ခဲ့မှု အပြစ်ရှိကြောင်း ပြီးခဲ့သည့်လက ဝန်ခံခဲ့သည်။ လူးခရက်ဖ်၏ အဆိုအရ ဆူးလဲမန်သည် IS အဖွဲ့၏ လက်ဖြောင့်သေနတ်သမား ဖြစ်လိုခဲ့ကြောင်း သိရသည်။

ဆူးလဲမန်သည် ဆီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တုကီယေးသို့ မိသားစုလိုက် အပျော်ခရီးသွားစဉ် ပျောက်သွားပြီး ဆီးရီးယားဘက်သို့ ကူးသွားခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်ရှိ ဟိသရိုး လေဆိပ်၌ ဆူးလဲမန် အဖမ်းခံရပြီး သေနတ်ပစ်သင်ခဲ့ခြင်းနှင့် တားမြစ်ထားသော အဖွဲ့အစည်းသို့ ဝင်ရောက်ခြင်း အပါအဝင် အကြမ်းဖက်မှုမျိုးစုံဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

source:BARRON’S


LEAVE A REPLY

Please enter your comment!
Please enter your name here