အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ၀င်းနိုင်ထွန်း

0
151

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ အင်ဒိုနီးရှားကလပ် ဘော်နီယို ဆမာရင်ဒါ အသင်းကို ပြောင်းရွှေ့သွားပြီလို့ ကလပ်အသင်းဘက်က ဒီကနေ့ မေလ (၂၇) ရက်မှာ တရား၀င်အသိပေးလာပါတယ်။

ရန်ကုန်ယူနိုက်တက်၊ ရတနာပုံနဲ့ ဧရာ၀တီတို့မှာ ကစားခဲ့တဲ့ ဝင်းနိုင်ထွန်းဟာ လာမယ့် အင်ဒိုနီးရှားလီဂါဘောလုံးရာသီသစ်မှာ စတင်ကစားရမှာဖြစ်ပြီး အင်ဒိုနီးရှားလိဂ် – ၁ မှာ ပထမဆုံးကစားခွင့်ရမယ့် မြန်မာကစားသမားဖြစ်လာခဲ့ပါတယ်။

အင်ဒိုနီးရှားလိဂ်-၁ ကလပ်အသင်း ဘော်နီယို အသင်းမှ ဝင်းနိုင်ထွန်းအား ၎င်းတို့ကလပ်အသင်းတွင် တစ်ရာသီလာရောက်ကစားရန် ရန်ကုန်ယူနိုက်တက်အသင်းအား တရားဝင်ကမ်းလှမ်းလာတဲ့အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုးဖြစ်တဲ့ ဝင်းနိုင်ထွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ယခုနှစ်ကုန်အထိ စာချုပ်လက်ကျန် ရှိနေပေမယ့် မြန်မာ့လက်ရွေးစင်အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ် အတွက်အထောက်အကူဖြစ်‌စေရန်၊ နိုင်ငံတကာအတွေ့အကြုံကောင်းများရရှိစေရန် ရည်ရွယ်ပြီး အင်ဒိုနီးရှားလိဂ်-၁ ကလပ် ဘော်နီယို အသင်းကို သွားရောက်ကစားခွင့်ပြုလိုက်တာဖြစ်တယ်လို့ ရန်ကုန်ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဘော်နီယိုအသင်းဟာ ပြီးခဲ့တဲ့ အင်ဒိုလီဂါဘောလုံးရာသီက အဆင့် ၄ နေရာမှာရပ်တည်နိုင်ခဲ့ပြီး အင်ဒိုရဲ့အင်အားကြီးအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ သိရပါတယ်။

ဘော်နီယိုအသင်းဟာ လက်ရှိအသင်းရဲ့ လူစာရင်းမှာလည်း ဝင်းနိုင်ထွန်းကို ထည့်သွင်းဖော်ပြထားပြီး အပြောင်း အရွှေ့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိသေးပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here