စပိန်တွင် ရွက်လှေတစ်စီး ဝေလငါးများ ကိုက်ခြင်းခံရသဖြင့် ပျက်စီး

0
274

စပိန်တောင်ပိုင်း ကမ်းရိုးတန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ရွက်လှေတစ်စင်းအား ဝေလငါးအချို့က ကိုက်ခဲ့ကြသောကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း သိရသည်။

Orcas ဝေလငါးအုပ်စုတစ်စု၏ ကိုက်ဖဲ့တိုက်ခိုက်ခြင်းကြောင့် အဆိုပါ ရွက်လှေကိုယ်ထည်ပျက်စီးကာ အတွင်းသို့ရေများဝင်ခဲ့ကြောင်း ဒေသတွင်း ရေကြောင်းကယ်ဆယ်ရေး ဝန်ဆောင်မှုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လှေပေါ်ပါ သင်္ဘောသား လေးဦးသည် စပိန်အာဏာပိုင်များထံ ဆက်သွယ် အကူအညီ တောင်းခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

အရေးပေါ်တုန့်ပြန်ရေးရေယာဉ်တစ်စင်းနှင့် ရေစုပ်စက်တင်ဆောင်သော ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းအား အဆိုပါရွက်လှေဆီသို့ စေလွှတ်ကာ အကူအညီပေးခဲ့ပြီးနောက် ရွက်လှေကို ပြုပြင်ရန်အတွက် အနီးဆုံး ဆိပ်ကမ်းသို့ ဆွဲတင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here