ဇလန်းစကီးသည် အနောက်အုပ်စု၏ထောက်ပံ့မှုရရန် အီရန်ကိုအသုံးချနေခြင်းဖြစ်ဟုအီရန်ဆို

0
260

တေရန်၊မေ ၂၇

အီရန်က ဇလန်းစကီးသည် အမေရိကအပါအဝင် အခြားအနောက်နိုင်ငံများ၏ ထောက်ပံ့မှုကိုရချင်သည့်အတွက်သာ ၎င်းတို့သည်ရုရှားကိုလက်နက်ထောက်ပံ့သည်ဟု ယူကရိန်းကစွပ်စွဲခြင်းဖြစ်ကြောင်းတုံ့ပြန်ခဲ့သည်။

ရုရှား – ယူကရိန်းစစ်အတွင်း မော်စကိုသို့‌ဒရုန်းများ ထောက်ပံ့ပေးခဲ့သည်ဟုစွပ်စွဲကာ အီရန်အားအမေရိကနှင့် ဥရောပသမဂ္ဂတို့က ဒဏ်ခတ်အရေးယူခဲ့‌သော်လည်း တေရန်ကမူစွပ်စွဲချက်ကိုငြင်းဆိုထားသည်။

ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သောမိန့်ခွန်းတွင် ဇလန်းစကီးက တေရန်၏ရုရှားသို့‌ထောက်ပံ့မှုများအတွက် ငြင်းဆို၍မရနိုင်ဟုဆိုကာ ရုရှား၏အကြမ်းဖက်မှု၌ အဘယ်ကြောင့်ကြံရာပါများဖြစ်ချင်ကြသနည်းဟု အီရန်ပြည်သူများထံ တိုက်ရိုက်တောင်းဆိုပြောကြားခဲ့သည်။

သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ဇလန်းစကီး၏စွပ်စွဲချက်များသည် အစ္စလာမ်သမ္မတနိုင်ငံအပေါ် မှားယွင်းစွာစွပ်စွဲခြင်းဖြစ်ပြီး ယင်းစွပ်စွဲချက်များကြောင့်ပင် အနောက်အုပ်စုမှအကူအညီများရနေခြင်းဖြစ်သည်ဟုလည်းတုံ့ပြန်ပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here