ဗီယက်နမ်သည် ၂၀၃၀ ခုနှစ်တွင် နှစ်စဉ် ဆန်တင်ပို့မှု ၄၄ ရာခိုင်နှုန်း လျှော့ချသွားမည်

0
339

အိန္ဒိယနှင့်ထိုင်းပြီးလျှင်ကမ္ဘာ့ တတိယ​မြောက် စပါး အတင်ပို့နိုင်ဆုံးဗီယက်နမ်နိုင်ငံသည် ၎င်း၏ ဆန်တင်ပို့မှုကို ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄ သန်းအထိ ​လျော့ချသွားရန် ရည်မှန်းထားကြောင်း၊  ပြီးခဲ့သောနှစ်တွင်လည်း ဆန်တင်ပို့မှုတန်ချိန် ၇ သန်း​ကျော် လျှော့ချခဲ့ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။

ထိုသို့လုပ်​ဆောင်မှုသည် အရည်အသွေးမြင့် ဆန်တင်ပို့မှု၊ ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှု၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မေလ ၂၆ ရက် နေ့စွဲဖြင့် ရိုက်တာ သတင်းဌာနက သုံးသပ်ဖော်ပြထားသည်။

၂၀၃၀ တွင် ဆန်တင်ပို့မှုမှ ၀င်ငွေသည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂ ဒသမ ၆၂ ဘီလီယံအထိ ကျဆင်းသွားမည်ဖြစ်သည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ စပါးစိုက်တောင်သူအချို့သည် ၎င်းတို့၏လယ်​မြေများကို သစ်သီးခြံအဖြစ် ပြောင်းလဲလုပ်ကိုင်နေကြပြီး သရက်သီး၊ ကျွဲကောသီးနှင့် ဒူးရင်းတို့ကို​ပြောင်းစိုက်လာကြသည်။သို့​သော် အများစုကမူစပါးကို မှီခိုနေရဆဲဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

ရာသီဥတုဖောက်ပြန်ခြင်း၊ ပင်လယ်ရေမြင့်တက်ခြင်းတို့ကြောင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားရည်များ သိသိသာသာ တိုးလာကာ ပုစွန်မွေးမြူခြင်းကို​ပြောင်းလဲလုပ်ကိုင်​နေသည်မှာ အ​တော်ကြာပြီဖြစ်သည်။

Ref: NikkeiAsia


LEAVE A REPLY

Please enter your comment!
Please enter your name here