ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်ရေ (၁၀) ပေကျော်အထိတိုးလာမည်

0
206

ဇွန်လအတွင်း ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်ရေများတိုးလာမည်ဖြစ်ပြီးလက်ရှိရေအမှတ်အထက် (၁၁)ပေမှ(၁၅)ပေခန့်မြင့်တက်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်း၊မန္တလေး၊စစ်ကိုင်း၊မြင်းမူတို့တွင် လက်ရှိရေအမှတ်ထက် (၁၃)ပေမှ(၁၅)ပေခန့်၊  ပခုက္ကူ၊ညောင်ဦး၊ချောက်၊မင်းဘူး၊မကွေး၊အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်တို့တွင် လက်ရှိရေအမှတ်ထက်(၁၁)ပေမှ(၁၃)ပေခန့်မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။

ချင်းတွင်းမြစ်ရေသည်လည်း ခန္ဓီး၊ဟုမ္မလင်း၊မော်လိုက်၊ဖောင်းပြင်၊ကလေးဝ၊မင်းကင်း၊ကနီ၊မုံရွာတို့တွင် လက်ရှိရေအမှတ်ထက် (၁၃)ပေမှ(၁၅)ပေခန့်မြင့်တက်လာနိုင်သည်ဟုဆိုသည်။

မိုးဦးကာလဖြစ်၍ကျန်မြစ်ရေများဖြစ်သော သံလွင်မြစ်၊မြစ်သာမြစ်၊စစ်တောင်းမြစ်၊ရွှေကျင်မြစ်၊သောင်ရင်းမြစ်၊ပဲခူးမြစ်၊ငဝန်မြစ်၊တိုးမြစ်၊ကုလားတန်မြစ်၊လေးမြို့မြစ်များတွင်လည်း လက်ရှိရေအမှတ်အထက် အနည်းဆုံး(၂)ပေမှ အများဆုံး(၁၀)ပေမြစ်ရေများတိုးမည်ဖြစ်ကြောင်းသိရသည်၊၊


LEAVE A REPLY

Please enter your comment!
Please enter your name here