ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှ မေလလယ်အထိ တရုတ်ခရီးသွား ၁ သန်း လာရောက်လည်ပတ်ခဲ့

0
143

ထိုင်းနိုင်ငံသည် တရုတ်နယ်စပ် ပြန်လည်ဖွင့်လှစ်ပြီးနောက် တနင်္ဂနွေနေ့ (မေ ၂၈ ရက်) တွင်ဇန်နဝါရီမှ မေလ ၁၈ ရက်အတွင်း တရုတ်ခရီးသွား တစ်သန်းကျော်လာရောက်ခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း တရုတ်ခရီးသွားဦးရေ ၅ သန်း(ဘတ် ၄၄၆ ဘီလီယံ သုံးစွဲမည့် ခရီးသွားများ) ပြည့်မီရန် မျှော်မှန်းထားကြောင်းထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီမှ မေလလယ်အထိ နိုင်ငံတကာခရီးသွားဝင်ရောက်မှု စုစုပေါင်းမှာ ၉ ဒသမ ၄၇ သန်း၊၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင် ဧည့်သည် ၁၁ ဒသမ ၁၅ သန်းရှိခဲ့ကြောင်း အစိုးရက အစောပိုင်းက ပနှိုင်းယှဉ်ပြောကြားခဲ့သည်။

ထိုင်း၏ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် ခရီးသွားလုပ်ငန်းသည် ပထမသုံးလပတ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်လာပြီး ကိုဗစ်ကြောင့်ရပ်ဆိုင်းခဲ့သည့် အလုပ်အကိုင်များအတွက် တွန်းအားတခုဖြစ်လာသည်ဟုဆိုသည်။

Source: Reuters/yb


LEAVE A REPLY

Please enter your comment!
Please enter your name here