ရှင်ဖြူရှင်လှဘုရားရေဆိပ်တွင်ရေဆင်းချိုးသည့် အမျိုးသား ၂ ဦးရေနစ်သေဆုံး

0
220

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ဝါးချက်ကျေးရွာရှိ ရှင်ဖြူရှင်လှဘုရားရေဆိပ်တွင် မေ ၂၈ ရက် (ယနေ့)နေ့လည် ၁ နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထိုရေဆိပ်တွင် ရေဆင်းချိုးသည့်အမျိုးသား ၂ ဦးရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ စစ်ကိုင်းမြို့နယ်မီးသတ်စခန်း၊ထုံးဘိုအရန်မီးသတ်စခန်း၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊မင်းလမ်းလူငယ်လူမှုကူညီရေးအသင်းဝင်များနှင့်တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ရေနစ်ပျောက်ဆုံးသွားသည့် အမျိုး သား ၂ ဦး၏ ရုပ်အလောင်းများအား မွန်းလွဲ ၂ နာရီကျော်ခန့်၌ ဆယ်ယူနိုင်ခဲ့သဖြင့် ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့ပိုင်လူနာတင်ကားဖြင့် စစ်ကိုင်းမြို့ကုတင်(၂၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here