ပေ (၅၀) နက်သော ရေတွင်းထဲသို့ ပြုတ်ကျသွားသူများအား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

0
211

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ တပ်မတော်လမ်းဘေးရှိ နေအိမ်တွင် ​မေလ ၂၈ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က အကျယ် (၆) ပေ၊ အနက် (၅၀) ပေရှိသော ရေတွင်းထဲသို့ ကျား(၁)ဦးနှင့် မ(၁)ဦး ပြုတ်ကျ၍ ပြန်မတက်နိုင်ကြောင်း သတင်းရရှိသဖြင့် ကသာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။

ထို့သို့ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပြုတ်ကျသွားသူ၂ဦးအား ၂ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည်များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here