ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးတွေ့

0
152

ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၂၈ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၂၇ ရက်ည ၈ နာရီမှ ၂၈ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၆၁၂၅ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၀၄)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၇)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉) ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၆၂၃၉၅၄)ခုအားစစ် ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃၈၆၆၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၇၆၂၁)ဦးရှိပြီဖြစ်ကာ ထပ်မံသေဆုံးသူမရှိသဖြင့် သေဆုံးသူ (၁၉၄၉၄)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here