လာမည့်နှစ်ပတ်အတွင်း ဂြိုလ်တုတစ်လုံးလွှတ်တင်မည်ဟု မြောက်ကိုရီးယားဆို

0
173

မေလ ၃၁ ရက်မှ ဇွန်လ ၁၁ ရက်အတွင်းတွင် ‘ဂြိုလ်တု’ တစ်လုံး လွှတ်တင်ရန် အစီအစဉ်ရှိကြောင်း မြောက်ကိုရီးယားက ဂျပန်တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဖက်က ၎င်း၏ ပထမဆုံး သူလျှိုဂြိုလ်တုတည်ဆောက်ပြီးစီးပြီဟု ယခင်ကပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ဂျပန်ကမူ ယခုပစ်လွှတ်မှုသည် ပဲ့ထိန်းဒုံးကျည်သာလျှင် ဖြစ်နိုင်ကြောင်း ဆို၏။

မြောက်ကိုရီးယားသည် မကြာသေးမီလများအတွင်းက လောင်စာခဲသုံးတိုက်ချင်းပစ်ဒုံးကျည်(ICBM) အပါအဝင် ဒုံးကျည်နှင့် လက်နက်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဒုံးကျည်ပစ်လွှတ်မှုများကို ရှောင်ကြဉ်ရန် ဂျပန်ဝန်ကြီးချုပ်ရုံးက မြောက်ကိုရီးယားအား တိုက်တွန်းခဲ့ပြီး မိမိတို့ဖက်ကလည်း လုပ်စရာရှိသည်တို့ကို မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

“ဒုံးပျံ ပစ်လွှတ်ခြင်းများကို ရှောင်ကြဉ်ရန် မြောက်ကိုရီးယားအား ကျွန်ုပ်တို့ အလေးအနက်တိုက်တွန်းပါသည်” ဟု ဂျပန်ဝန်ကြီးချုပ်ရုံးက တွစ်တာတွင် ပြောကြားပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့ကဲ့သို့ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here