ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ဟာလန်းနဲ့ ရွှေလက်အိတ်ဆုရရှိခဲ့တဲ့ ဒီဂီယာ

0
382

2022/2023 ပရီးမီးယားလိဂ် ဘောလုံးရာသီက ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

2022/2023 ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မန်ချက်စတာစီးတီး တိုက်စစ်မှုး အာလင်း ဟာလန်း က ၃၆ ဂိုးသွင်းပြီးရရှိသွားခဲ့သလို ရွှေလက်အိပ်ဆုကိုလည်း မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာက ၁၇ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ရရှိသွားတာ ဖြစ်ပါတယ်။

2022/2023 ပရီးမီးယားလိဂ် ဘောလုံးရာသီက ပြီးဆုံးချိန်မှာတော့ မန်စီးတီးအသင်းဟာ ရမှတ် ၈၉ မှတ်နဲ့ အသင်းအတွက် ၉ ကြိမ်မြောက် ပရီးမီးယားလိဂ်ကို ရယူနိုင်ခဲ့ပါတယ်။

တစ်ရာသီလုံးနီးပါး ဇယားထိပ်မှာ ဦးဆောင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အဆင့် ၂ နဲ့ပဲ ကျေနပ်ခဲ့ရသလို အဆင့် ၃ ‌နေရာက မန်ချက်စတာယူနိုက်တက်၊ အဆင့် ၄ နေရာက နယူးကာဆယ်တို့က ချန်ပီယံလိဂ်၀င်ခွင့်ရခဲ့ပြီး အဆင့် ၅ က လီဗာပူးလ်နဲ့ အဆင့် ၆ က ဘရိုက်တန်တို့က ယူရိုပ်လိဂ်ကစားရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here