အိန္ဒိယနိုင်ငံ၌ ကျောင်းနေ့လယ်စာအတွင်း မြွေတွေ့ရှိသဖြင့်ကျောင်းသားများလန့်ဖျားဖျားနာခဲ့ကြဟုဆို

0
262

ဘဟာ၊မေ ၂၉

အိန္ဒိယနိုင်ငံ ဘဟာပြည်နယ်ရှိအစိုးရကျောင်းတစ်ခု၌ အင်န်ဂျီအိုတစ်ခု၏အစီအစဉ်ဖြင့်ကျွေးသည့် နေ့လယ်စာအတွင်း မြွေတွေ့သဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကာ ကျောင်းသားများလည်းလန့်ဖျားကုန်ကြကြောင်းသိရသည်။

အဆိုပါအကြောင်းအရာအားသိရှိချိန်၌ ကျောင်းသားအယောက် ၁၀၀ ခန့် နေ့လည်စာစားပြီးဖြစ်သဖြင့် အချို့ကျောင်းသားများမှာ ပျို့အန်ကုန်ကြကြောင်းသိရသည်။အချို့မှာကိုယ်လက်မအီမသာဖြစ်ကာ မူးဝေအော့အန်ကြသဖြင့် အနီးစပ်ဆုံးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

သို့သော် ကျောင်းအာဏာပိုင်များကမူ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသား ၂၂ ဦးသာမူးဝေအော့အန်ခြင်းဖြစ်ပြီး ဖျားနာကြခြင်းဖြစ်သည်ဟု ပြန်‌လည်ပြောကြားခဲ့သည်။

“ကလေးတွေက နေကောင်းသက်သာပါတယ်။ဒါပေမယ့် မြွေက အစာထဲကိုဘယ်လိုဝင်သွားတယ်ဆိုတာကတော့ စုံစမ်းရမယ့်ကိစ္စပါ” ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခုကိစ္စကြောင့်ကျောင်းသားမိဘများလည်းစုရုံးရောက်ရှိလာပြီး ပဋိပက္ခအနည်းငယ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ဘဟာပြည်နယ်၌ ယခုလိုဖြစ်စဉ်မျိုးသည် တစ်ကြိမ်မကတော့ဘဲ ယခင်ကလည်းနှစ်ကြိမ်ဖြစ်ဖူးသေးကြောင်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here