စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး (၁) ပိဿာ (၃၉၆၀) ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ၇၀၀၀ ဝန်းကျင်၌ရှိနေ

0
265

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ(၃၉၆၀)ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၇၀၀၀) ကျပ် ဝန်းကျင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ရည်ညွှန်းဈေးမှာ မေလ (၂၉) ရက်မှ ဇွန် (၄) ရက်နေ့အထိ ရောင်းချရန်သတ်မှတ်ထားသည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၆၁၀၀) ကျပ်မှ ၇၀၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချနေခြင်း ဖြစ်သည်။

အဆိုပါ ဆီဈေးနှုန်းများမှာ နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ ရှိနိုင်ကြောင်း ဈေးကွက်အတွင်းမှ ဝယ်ယူအသုံးပြုနေရသူများထံမှ စုံစမ်းသိရသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (၁၀) သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆) သိန်းမှ (၇) သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှတဆင့် သိရသည်။

ဈေးကွက်အတွင်း စားအုန်းဆီ ရောင်းချသူများအနေဖြင့် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here