Tayyip Erdogan သည် တူရကီသမ္မတအဖြစ် တတိယအကြိမ် ပြန်လည် ရွေးချယ်ခံရ

0
179

အသက် ၆၉ နှစ်ရှိ Recep Tayyip Erdogan သည် ၂၀၁၄ ခုနှစ်တွင် တူရကီသမ္မတအဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် ထပ်မံအရွေးချယ်ခံခဲ့ရပြန်ကာ၊ ယခုလည်း တူရကီသမ္မတအဖြစ် တတိယအကြိမ် ပြန်လည်ရွေးချယ်ခြင်းခံရသည်။

တူရကီသမ္မတ Recep Tayyip Erdogan သည် ၎င်း၏ တတိယမြောက် သမ္မတသက်တမ်းအတွက် တနင်္ဂနွေနေ့ကကျင်းပသော တူရကီသမ္မတ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

တူရကီသမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်နေ့တွင် တတိယအကြိမ်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

တူရကီနိုင်ငံ၏ အမြင့်ဆုံး ရွေးကောက်ပွဲ အာဏာပိုင် ဖြစ်သည့် Supreme Election Council မှ ဦးဆောင်သူ Ahmet Yener က မဲများ ၏ ၉၉.၄၃% ကို ရေတွက်ပြီးဖြစ်ကြောင်းနှင့် Tayyip Erdogan သည် ၅၂.၁၄% နှင့် သူနှင့် ယှဉ်ပြိုင်အရွေးခံသူ Kemal Kilicdaroglu ကမူ ၄၇.၈၆% ရှိကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

မရေတွက်ရသေးသော မဲ ၄သိန်းခန့်သည် လက်ရှိ ရလဒ်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သူကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here