မြောက်ကိုရီးယား၏ ဂြိုဟ်တုနှင့်ဒုံးကျည်များကိုပစ်ချရန်ရည်ရွယ်ထားဟု ဂျပန်ပြော

0
170

ဆိုးလ်/တိုကျို၊မေ ၂၉

မေ ၃၁ ရက်မှ ဇွန် ၁၁ ရက်အတွင်း ဂြိုဟ်တုလွှတ်တင်မည့်အကြောင်း မြောက်ကိုရီးယားကဂျပန်အားပြောကြားပြီးနောက် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ပိုင်နက်သို့ချိုးဖောက်ဝင်ရောက်လာမည့် မြောက်ကိုရီးယားဂြိုဟ်တုမှန်သမျှအား ပစ်ချရန်ရည်ရွယ်ထားပြီး ပြင်ဆင်မှုများပြုလုပ်နေသည်ဟုလည်းဆိုသည်။

နျူလက်နက်ကိုင်ထားသော မြောက်ကိုရီးယားသည် ၎င်း၏ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပြီးခေါင်းဆောင်ကင်မ်ဂျုံအန်းသည် ဂြိုဟ်တုအားပတ်လမ်းအတွင်းလွှတ်တင်ရန် နောက်ဆုံးပြင်ဆင်မှုများကိုအတည်ပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

“ကျွန်ုပ်တို့ပိုင်နက်ထဲ ဆင်းသက်လာနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့တခြားဒုံးကျည်တွေကိုကာကွယ်ဖို့ အဖျက်အဆီးအတားအဆီးစနစ်တွေ လုပ်ဆောင်သွားမှာပါ” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ကို ဖျက်ဆီးရန်အတွက် ၎င်း၏ Standard Missile – 3 (SM – 3) သို့မဟုတ် Patriot Missile PAC – 3 ကို အသုံးပြုမည်ဟုလည်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

မြောက်ကိုရီးယားဘက်မှ ၎င်းတို့အနေဖြင့် မေ ၃၁ မှ ဇွန် ၁၁ အတွင်း ဒုံးကျည်စမ်းသပ်မှုလုပ်မည်ဖြစ်‌ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်အား လှမ်းအကြောင်းကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၌ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါကပြောကြားခဲ့သည်။

Source : Reuters
Photo:Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here