နီပေါ၌ အိန္ဒိယ၏ဒုတိယမြောက်ရေအားလျှပ်စစ်စီမံကိန်းစတင်၊နှစ်နိုင်ငံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေမည်ဟုဆို

0
172

အိန္ဒိယနိုင်ငံ၏ Satluj Jal Vidyut Nigam (SJVN) Limited အား နိုင်ငံအတွင်း ဒုတိယရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် နီပေါက တနင်္ဂနွေနေ့တွင်ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

လက်ရှိ၌ SJVN သည် နီပေါနိုင်ငံအရှေ့ပိုင်းရှိအာရွန်မြစ်ပေါ်တွင်တည်ရှိသော 900 – MW Arun – III ရေအားလျှပ်စစ်စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်နေပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ရန်စီစဉ်ထားကြောင်းသိရသည်။

ဝန်ကြီးချုပ် ပက်ရှ်ပါကမယ်လ်ဒဟယ်လ်ဦးဆောင်သော နီပေါနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (IBN) အစည်းအဝေး၌ အိန္ဒိယအစိုးရပိုင် SJVN နှင့် လက်မှတ်ရေးထိုးမည့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်မူကြမ်းကို အတည်ပြုခဲ့ပြီး ၆၆၉ မဂ္ဂါဝပ်ရှိရေအားလျှပ်စစ်စီမံကိန်းအားအကောင်အထည်ဖော်မည်ဟုသိရသည်။

IBN ၏ယခင်အစည်းအဝေး၌ စီမံကိန်းအတွက် ရူပီး ၉၂ ဒသမ ၆၈ ဘီလျံရှိသည့် ရင်းနှီးမြှုပ်နှံမှုကိုအတည်ပြုခဲ့ကြကြောင်းလည်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here