Omicron ခေတ်တွင် ကိုဗစ်ဖြစ်သူ ၁၀ ဦးအနက် ၁ ဦးတွင်သာ တာရှည်ကိုဗစ်ဖြစ်ပွားနိုင်ဟု သုတေသီတို့ဆို

0
153

အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးအင်စတီကျု၏ လေ့လာ သုတေသနပြုမှုအရ Omicron မျိုးကွဲဗိုင်းရပ်စ်ပေါ်ပြီးနောက်ပိုင်း ကိုဗစ်ဖြစ်ပွားသူများတွင် ၁၀ ရာခိုင်နှုန်းခန့်သည်သာ တာရှည်ကိုဗစ်ရောဂါဖြစ်ပွားကြကြောင်း တွေ့ရှိရသည်ဆို၏။

အမေရိကန်နိုင်ငံသား တစ်သောင်းနီးပါးကို လေ့လာသုတေသနပြုထားခြင်းဖြစ်ပြီး၊ ယခု သုတေသနရလာဒ်သည် ယခင်က ခန့်မှန်းထားချက်များထက် တာရှည်ကိုဗစ်ဖြစ်ပွားမှုနည်းပါးကြောင်းကို ပြနေသည်ဟု သုတေသီတို့က ပြောသည်။

တာရှည်ကိုဗစ်ဆိုသည်မှာ ကာလကြာမြင့်စွာဖြစ်ပွားနေသော ကိုဗစ်ရောဂါအပျော့စားမျိုးဖြစ်ပြီး၊ လအတန်ကြာ သို့မဟုတ် နှစ်နှင့်ချီ၍ ကြာနိုင်ပြီး၊ တစ်ခါတစ်ရံတွင် အားနည်းနေသော ကျန်းမာရေးပြဿနာများအတွက် ထိခိုက်မှုရှိနိုင်ကြောင်းသိရသည်။

ယင်း တာရှည်ကိုဗစ်ကို မည်သို့ကုသရမည်ဆိုခြင်း သို့မဟုတ် ကုသနည်းကို သိပ္ပံပညာရှင်များမသိကြသေးချေ။ အခြေအနေကို ပိုမိုကောင်းမွန်စွာသိရှိရန်အတွက် သုတေသနပြုမှုများလိုအပ်နေသေးကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here