တိုင်ဖွန်းမုန်တိုင်း “မဝါ” (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ဟု မိုး/ဇလထုတ်ပြန်

0
350

တိုင်ဖွန်းမုန်တိုင်း “ မဝါ”(Mawar)ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် အချို့တွင် ယနေ့ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ မေလ (၃၀) ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “မဝါ”(Mawar)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြောက် – အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက်ရွေ့လျားနေကြောင်း သိရသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်များအရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေပြီး၊ အဆိုပါ မိုး တိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here