နိုင်ငံတစ်ဝန်းမှ မျိုးဆက်သစ် ထူးချွန် လူငယ်ကစားသမား (၈၆) ဦးရှာဖွေနိုင်ခဲ့ပြီး ဘောလုံးအကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့်ပြုမည်

0
167

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန်လူငယ်ကစားသမားများအား နိုင်ငံတဝန်း၌ ရှာဖွေရွေး ချယ်ခြင်းများ ပြုလုပ်ခဲ့ရာ လူငယ်ကစားသမား (၈၆) ဦး ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)၏ အကူအညီဖြင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်သည့် FIFA – MFF TDS Scouting Tour 2023 အစီအစဉ်မှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားခွင့် ရရှိသည့် အောင်စာရင်းအား ယမန်နေ့ မေလ (၂၉) ရက်တွင် ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အောင်စာရင်း ထုတ်ပြန်ချက်အရ အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် ကစားသမား (၁၈)ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ(မန္တလေး)တွင် ကစားသမား (၃၂) ဦး၊ မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်)တွင် ကစားသမား(၃၆)ဦး စုစုပေါင်း (၈၆)ဦး ကျောင်းသားများအဖြစ် အတန်းပညာနှင့် ဘောလုံးပညာများ သင်ကြားရန် ရွေးချယ်ခံရကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ််၀န်းမှ အသက် (၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံးနည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်‌ကြောင်းလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အောင်စာရင်းတွင် ပါဝင်ရွေးချယ်ခံထားရသူများ အနေဖြင့် ကျန်းမာရေး စစ်ဆေးမှုများ၊ အသက်မှန်ကန်ရေး စစ်ဆေးမှုများခံယူကြရမည်ဖြစ်ပြီး အဆိုပါ စစ်ဆေးမှုများတွင် ကျရှုံးခဲ့ပါက ရွေးချယ်ရေး ကော်မတီမှ အရန်လူစာရင်းတွင် ပါရှိသော ကစားသမားများအား အစားထိုး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here