အစိုးရအိမ်တော် ၌ ပါတီပွဲ လုပ်ခဲ့သည့် သားဖြစ်သူကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ရာထူးမှ ထုတ်ပယ်

0
170

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၏ သားသည် ဖခင်၏ အစိုးရအိမ်တော်ကို သီးသန့် ပါတီပွဲ ကျင်းပရန်အတွက် အသုံးပြုခဲ့သဖြင့် ဝန်ကြီးချုပ်၏ လက်ထောက်အဖြစ်မှ ဖယ်ရှားခံရတော့မည် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပါတီပွဲတွင် ရိုက်ကူးခဲ့သော ရှိုတာရို ကီရှီဒါနှင့် ဧည့်သည်များ၏ ဓာတ်ပုံများသည် သတင်းစာနှင့် မဂ္ဂဇင်းများ၌ ဖော်ပြခံခဲ့ရသည်။ ထိုပုံများတွင် ရှိုတာရိုနှင့် ဧည့်သည်များသည် အရေးကြီးသော နေရာများ၌ နိုင်ငံရေးသမားများ၏ ပုံစံများကို အတုခိုးကာ ဓာတ်ပုံရိုက်ခဲ့သည်ကို ပြသထားသည်။ ထိုဖြစ်ရပ်သည် နိုင်ငံရေးသမားများနှင့် ပြည်သူများကို အမျက်ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် ကီရှီဒါက ရှိုတာရိုသည် ကြာသပတေးနေ့မှစ၍ သူ၏ လက်ထောက်အဖြစ်မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း မေလ ၂၉ ရက် တနင်္လာနေ့တွင် သတင်းထောက်များကို ပြောလာသည်။ ထိုသို့ နုတ်ထွက်ရခြင်းမှာ အစိုးရအိမ်တော်တွင် လုပ်ခဲ့သည့် မသင့်လျော်သော အပြုအမူများကြောင့်ဟုလည်း ကီရှီဒါက ပြောထားသည်။

ထို့ပြင် ကီရှီဒါက သူကိုယ်တိုင် လာရောက်သည့် ဧည့်သည်များကို ခဏတာ ကြိုဆိုနှုတ်ဆက်ခဲ့သော်လည်း ပါတီ၌မူ မပါဝင်ခဲ့ကြောင်း ဝန်ခံလာခဲ့သည်။ သူ့သားကို ပါတီပွဲက လုပ်ရပ်အတွက် ပြင်းထန်စွာ ဆိုဆုံးမခဲ့သော်လည်း အတိုက်အခံ လွှတ်တော်အမတ်များနှင့် ပြည်သူလူထု၏ ဝေဖန်မှုများကိုမူ ဖြေ‌ဖျောက်နိုင်ခဲ့ခြင်းဟု သူက ပြောခဲ့သည်။

Source: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here