ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုများ၏ (၈၈) ရာခိုင်နှုန်းကို ပြန်ပေးနိုင်ပြီဟုဆို

0
171

ပြီးခဲ့သည့် မေလ (၁၄) ရက်က ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်း၏ ဒဏ်ကြောင့် ပြတ်တောက်သွားခဲ့သည့် ဆက်သွယ်ရေးလိုင်းများ၏ (၈၈) ရာခိုင်နှုန်းကို ပြန်လည်ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် သက်ဆိုင်ရာက ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိရာ မေလ (၂၇) ရက်အထိ ပြင်ဆင်ပြီးစီးမှု ၈၈ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် မေလ (၂၈) ရက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ (၄) ခု ၏ မိုဘိုင်းစခန်း (၁၂၃၃) ခု ရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း (၉၀၄) ခုမှာ ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းကြောင့် ကျန်ရှိသည့် စခန်း(၃၂၉)ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာ မေလ (၂၇) ရက်နေ့အထိ မိုဘိုင်းစခန်း စုစုပေါင်း (၇၆၈)စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ကြောင်း သိရသည်။

မိုဘိုင်းစခန်းများ ပြန်လည်ပြုပြင်နိုင်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ၈၈ ဒဿမ ၉၇ ရာခိုင်နှုန်းဖြင့်ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here