အမေရိက၏ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်မည့် ပထမဆုံးသော စစ်တပ် ထောက်လှမ်းရေး ဂြိုလ်တုကို ဇွန်လတွင် လွှတ်တင်မည်–မြောက်ကိုရီးယား

0
282

မြောက်ကိုရီးယားသည် အမေရိက၏ စစ်ရေးလှုပ်ရှားမှုများကို တိုက်ရိုက် စောင့်ကြည့်လေ့လာနိုင်ရန်အတွက် ၎င်းနိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ဆိုင်ရာ ကင်းထောက် ဂြိုလ်တုကို ဇွန်လတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မေလ ၃၀ ရက် အင်္ဂါနေ့တွင် ဖော်ပြလာသည်။

အမေရိကနှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် ကိုဗစ်ကာလအတွင်း လျော့ချခဲ့ရသော ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့်လများအတွင်း ပိုမိုအတိုးချကာ ပြုလုပ်လျက်ရှိသည်။ အဆိုပါလေ့ကျင့်မှုများသည် မြောက်ကိုရီးယား၏ နျူလက်နက်များ ပြန်လည်စမ်းသပ်မှုနှင့် ခြိမ်းခြောက်မှုရန်မှ ကာကွယ်ရန်အတွက်လည်း ဖြစ်သည်။

မြောက်ကိုရီးယားဘက်ကမူ ထိုသို့သော ပူးတွဲလေ့ကျင့်မှုများကို ရန်လိုမှုအနေဖြင့်သာ ရှုမြင်ပြီး ဆက်လက်မပြုလုပ်ရန်အတွက် နည်းလမ်းအမျိုးမျိုးသုံးကာ ရှုတ်ချထားသည်။

ယခုအခါတွင်လည်း မြောက်ကိုရီးယား စစ်ဘက်အရာရှိ ရီပြုံးချိုး က ပြုံးယမ်းသည် အမေရိက၏ အန္တရာယ်များသော လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ဂြိုလ်တုတစ်ခု လွှတ်တင်ရန် စီစဉ်နေကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောလာခဲ့သည်။

ထိုကြေညာချက်၌ လွှတ်တင်မည့် ရက်စွဲကို အတိအကျ မဖော်ပြထားသော်လည်း မြောက်ကိုရီးယားသည် ဂြိုလ်တုကို မေလ ၃၁ ရက်မှ ဇွန်လ ၁၁ ရက်အတွင်း လွှတ်တင်သွားမည်ဟု ဂျပန်အား အသိပေးထားကြောင်း သိရသည်။

လေ့လာသူများကမူ အဆိုပါ ဂြိုလ်တုသည် မြောက်ကိုရီးယား၏ ထောက်လှမ်းနိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး စစ်ပွဲအတွင်း ပစ်မှတ်များကိုလည်း ပိုမိုတိကျစွာ ပစ်ခတ်နိုင်စေမည်ဟု ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here