နေတိုးတပ်ဖွဲ့နှင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးစု ဆန္ဒပြသူတို့ ထိတွေ့မှုဖြစ်ပွား၊စစ်သား ၂၅ ဦး ဒဏ်ရာရှိ

0
182

နေတိုးဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့သည် ကိုဆိုဗိုနိုင်ငံ မြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုးစု ဆန္ဒပြသူများနှင့် မေလ ၂၉ ရက် တနင်္လာနေ့တွင် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ ၎င်းတပ်ဖွဲ့မှ စစ်သား ၂၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆန္ဒပြသူများသည် ကိုဆိုဗိုမြောက်ပိုင်း၌ မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အယ်လ်ဘေးနီးယားလူမျိုး မြို့တော်ဝန်ကို ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုရာမှ စတင်ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ဆာ့ဘ်လူမျိုးစုတို့သည် အထက်ပါ ဖြစ်ရပ်မတိုင်မီ ရွေးကောက်ပွဲများအား သပိတ်မှောက်ခဲ့ကြရာ အယ်ဘေးနီးယား လူမျိုးစုတို့က မဲပေးသူ ၃ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒေသဆိုင်ရာ ကောင်စီများကို ထိန်းချုပ်ခွင့်ရသွားခဲ့သည်။

ထို့ကြောင့် တနင်္လာနေ့ နံနက်အစောပိုင်းတွင် ဆာ့ဘ်အုပ်စုများသည် ၎င်းလူမျိုးတို့ အများဆုံးနေထိုင်သည့် ဇဗေကန် မြို့ရှိ မြူနီစီပယ် အဆောက်အုံရှေ့၌ စုံရုံးကာ အဆောက်အုံအတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

ထို့နောက် ဆာ့ဘ်တို့နှင့် ကိုဆိုဗို ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်မိရာ ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံးနှင့် ငရုတ်ကောင် ဖြန်းဆေးဘူးများသုံးကာ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူတို့ကလည်း ကျောက်ခဲ၊ ပုလင်းနှင့် ကော့တေးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယား နိုင်ငံအောက်မှ လွတ်မြောက်လာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံအဖြစ် ရပ်တည်နေသော နိုင်ငံဖြစ်သည်။ ကိုဆိုဗို ရဲတပ်ဖွဲ့ (KFOR) ဆိုသည်မှာလည်း နေတိုးဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ကို ဆိုလိုခြင်းဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here