ပုဂံ – ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ ဆေးလိပ်ငွေ့ ကင်းစင်ရေး နေရာ (၁၀) ခု ထပ်မံသတ်မှတ်

0
235

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံ – ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀) ခုအား မေလ (၂၉) ရက်က ထပ်မံသတ်မှတ်ခဲ့ပြီး ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် “ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင်”ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်စေရေးအတွက် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့်ဆေးလိပ်သောက်ခွင့်ရှိသောနေရာ၊ သောက်ခွင့်မပြုသော နေရာများအား စစ်ဆေးစဥ် ထပ်မံသတ်မှတ်စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ပုဂံ – ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဆေးလိပ်ငွေ့ ကင်းစင်ရေးနေရာ (၉၂)ခုသတ်မှတ်ထားခဲ့ရာမှ ယခုထပ်မံ၍ နေရာ (၁၀)ခု သတ်မှတ်ခဲ့သဖြင့် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)ခုရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here