နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ဖို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နစကဥက္ကဋ္ဌပြော

0
222

နစက ဥက္ကဋ္ဌက မေ ၃၀ ရက်မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား၊စီးပွားရေး (MSME)လုပ်ငန်းရှင်များအားတွေ့ဆုံစဥ်က ဆွေးနွေးပြောကြားချက်တစ်ချက်ဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွားများကိုဆွဲဆောင်မှုရှိသည့် သဘာဝပတ်ဝန်းကျင်အလှအပများရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီးထင်ရှားသောနေရာများကို ပိုင်ဆိုင်ထား၍ ပြည်တွင်း၊ပြည်ပခရီးသွားများကိုဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ရန်၊
ဒေသမှထွက်ရှိသည့် ရိုးရာအစား
အသောက်များနှင့်ဒေသထွက်ကုန်များအား ဆွဲဆောင်မှုရှိရန်နှင့်အရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရန်စသည့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်တို့ကို မှာကြားခဲ့သည်။

“ဒေသကအဓိကထွက်ရှိတဲ့ လက်ဖက်၊ကော်ဖီ၊ပဲပုပ် စတဲ့စားသောက်ကုန်တွေကို အရသာရှိအောင်လုပ်ပြီး စနစ်တကျထုတ်ပိုးလိုက်မယ်ဆိုရင် ခရီးသွားတွေကိုပိုမိုဆွဲဆောင်နိုင်မှာဖြစ်သလို ရောင်းအားတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အဓိကလိုအပ်သည်မှာ ဒေသတွင်း၌နေထိုင်သူ များအားလုံး အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး အလုပ်လုပ်ခြင်း၏အကျိုးကို ပြန်လည်ခံစားရမည်ဟု ဆိုသည်။

“နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပြီး ဒေသအကျိုးသယ်ပိုးကြဖို့လိုပါတယ် အခုဆွေးနွေးတာတွေဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ဒေသမှာနေထိုင်တဲ့ ဒေသခံတွေရဲ့အကျိုးအတွက် တိုက်တွန်းပြောဆိုတာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုသည်ဟုလည်း နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here