နေအိမ်ပေါ်သို့ သစ်ပင်လဲကျကာ ကလေးငယ် (၁) ဦးသေဆုံး (၆) ဦး ဒဏ်ရာရရှိခဲ့မှု ချောက်မြို့တွင် ဖြစ်ပွား

0
148

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် (၁၄)၊ ဇောတိကရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ယနေ့ မေ (၃၀) ရက် ညနေ ၄နာရီခန့်က သစ်ပင်လဲကျခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

အခင်းဖြစ်နေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအ သင်းဝင်များက ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

“အဲဒီ အိမ်ထဲမှာက သစ်ပင်ပိတဲ့ အချိန် အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၆) ယောက်ရှိနေတယ်။ သစ်ပင်ပိတဲ့ အရှိန်နဲ့ ကလေး (၁) ယောက်သေဆုံးသွားပါတယ်။ သေသွားတဲ့ ကလေးက မိန်းကလေးပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ သေဆုံးသူ ကလေးငယ် (၁) ဦးနှင့် ဒဏ်ရာရရှိသူ (၆) ဦးတို့အား မနောဖြူလူမှုကူညီရေးအသင်းကားဖြင့် ချောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here