မြန်မာနိုင်ငံတွင် အသေးစားနျူးကလီးယားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် နစက ဒု-ဥက္ကဋ္ဌနှင့်ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌတို့ဆွေးနွေး

0
284

မြန်မာနိုင်ငံတွင် အသေးစားနျူးကလီးယားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ရုရှားနိုင်ငံ၊ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool တို့ မေ ၃၀ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိမှု၊မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှင့်ခရီးသွားကဏ္ဍတိုးမြှင့်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရှရှား နှစ်နိုင်ငံလေကြောင်းလိုင်းများပုံမှန်ပျံသန်းနိုင်ရေး၊မြန်မာ့မီးရထားကဏ္ဍမြှင့်တင်နိုင်ရေး၊မြန်မာနိုင်ငံတွင် အသေးစားနျူးကလီးယားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး၊စွမ်းအင်၊ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာ၊လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးဦးအောင်‌သော်၊ ဒု-ဝန်ကြီးများဖြစ်သည့် ဦးအောင်ကျော်ထွန်း၊ဦးသန့်စင်၊ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့်ဒူးမားလွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here