အင်းစိန် ငါးလုပ်ငန်းဆိပ်ကမ်းတွင် သင်္ဘောဝမ်းဗိုက် ဆီလှောင်ကန်အတွင်း ဆီဝင်လှယ်သူ နှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံး

0
227

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဝင်း ဆိပ်ကမ်းတွင် သင်္ဘောဝမ်းဗိုက် ဆီလှောင်ကန်အတွင်း ဆီဝင်လှယ်သူ နှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးမှု ယနေ့ မေလ (၃၁)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၁၀) နာရီခွဲဝန်းကျင် အချိန်ခန့်က အင်းစိန် ငါးလုပ်ငန်းဝင်း ဆိပ်ကမ်းတွင် သင်္ဘောဝမ်းဗိုက်အတွင်းရှိ ဆီလှောင်ကန်အတွင်း ဆီဝင်လှယ်နေသည့် အသက် (၄၀) နှစ်ကျော် အမျိုးသားတစ်ဦးနှင့် အသက် (၂၅) နှစ် ၀န်းကျင်အရွယ် အမျိုးသားတစ်ဦး အောက်ဆီဂျင် ပြတ်တောက်သေဆုံးသွားခြင်းဖြစ်သည်။

” ဆီလှောင်ကန်မှာ ဆီလှယ်ရင်းနဲ့ အောက်ဆီဂျင်ပြတ်သွားတာာ၊ အင်းစိန်မြို့နယ်မီးသတ်က ရှာဖွေကယ်ဆယ်အဖွဲ့တွေက Death Body တွေကို ဆီကန်ထဲက နေရှာဖွေပြီး အပြင်ကို ထုတ်နိုင်ခဲ့ပါတယ်” ဟု ကနောင် နာရေး/ရှင်ရေးအသင်း (အင်းစိန်) မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ထို့နောက် သေဆုံး Death Body များအား အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်အဖွဲ့များက ရှာဖွေခဲ့ပြီး နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် ကနောင် နာရေး/ရှင်ရေးအသင်းမှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

ဓာတ်ပုံ – ကနောင် နာရေး/ရှင်ရေးအသင်း(အင်းစိန်)


LEAVE A REPLY

Please enter your comment!
Please enter your name here