ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒု – ဥက္ကဋ္ဌနှင့်အဖွဲ့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

0
248

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု – ဥက္ကဋ္ဌ Mr. Sholban Kara-0ol သည် မေ (၃၁) ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် လေယာဥ်အမှတ် 8M 335 ဖြင့် ဗန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့သည်။

ပြန်လည်ထွက်ခွာသွားသည့် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ညွှန့်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr.Nikolay LISTOPADOV တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌသည် မြန်မာနိုင်ငံသို့ မေ (၂၈) ရက်ညနေပိုင်းက ရောက်ရှိခဲ့ပြီးနောက် မေ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် နစက ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo – Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here