နေ့ခင်းကြောင်တောင် တက္ကစီယာဉ်မောင်းကို ဓားထော က်လုယက်ရန် ကြိုးစားသူ ယာဉ်မောင်း၏ ပြန်လည်တို က်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးရ

0
192

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းပေါ်တွင် ယနေ့ မေလ (၃၁) ရက် နေ့လယ် (၁) နာရီခွဲခန့်က Taxi ယာဉ်မောင်းဖြစ်သူ ကိုသက်လွင်(၂၆)နှစ်အား လိုက်ပါလာသည့် ခရီးသည်က ဓားဖြင့်ထောက်၍ ကားအား လုယက်ရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။

“ဓားနဲ့ထောက်ပြီး လုယက်ဖို့ကြိုးစားချိန်မှာ ကားမောင်းတဲ့လူက ပြန်ပြီးခုခံခဲ့တဲ့အတွက် လုယက်ဖို့ကြံတဲ့လူက ဓားကို ကားပေါ်ပစ်ချပြီး ထွက်ပြေးသွားတယ်။ ကားသ မားရဲ့လက်မှာ ဓားဒဏ်ရာ နည်းနည်းရသွားတယ်။ ဘယ်လက်မောင်းကလည်း အဆစ်ပြုတ်သွားတယ်”ဟု မင်္ဂလာတောင်ညွှန့် လူငယ်လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်၌ ဓားဒဏ်ရာနှင့် လက်မောင်းအဆစ်ပြု တ်သွားသည့် အငှားကားမောင်းသူ ကိုသက်လွင်အား မင်္ဂ လာတောင်ညွှန့် လူငယ်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး အငှားကားအား မင်္ဂလာတောင်ညွှန့်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here