ဘရစ် အုပ်စုထဲ ၂၅ နိုင်ငံ ပါဝင်ဖို့ ပြင်ဆင်နေ

0
373

ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရားဇီး၊တောင်ဖရိက တို့နဲ့ ဖွဲ့စည်းထားတဲ့ ဘရစ် (BRICS) မဟာမိတ် အုပ်စုဟာ မကြာမီ အချိန်အတွင်း ပိုမိုကြီးမားပြီး အားကောင်းလာပါတော့မယ်။ အကြောင်းရင်းကတော့ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၂၅ နိုင်ငံဟာ အဲဒီအုပ်စုထဲ ဝင်ရောက်ဖို့အတွက် ပြင်ဆင်နေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

အဲဒီ ၂၅ နိုင်ငံဟာ ဒေါ်လာအပေါ် မှီခိုအားထားနေရတာကို အဆုံးသတ်ဖို့နဲ့ နိုင်ငံချင်း နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်တဲ့အခါ ဒေါ်လာအစား ဘရစ်အုပ်စုက ထုတ်လုပ်မယ့် ငွေကြေးအသစ်ကို လက်ခံအသုံးပြုသွားဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ ကာဇက်စတန်၊ မက္ကဆီကို၊ နီကာရာဂွာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆီနီဂေါ၊ ဆူဒန်၊ ဆီးရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ထိုင်း၊ တူနီးရှား၊ တုကီယေး၊ ဥရုဂွိုင်း၊ ဗင်နီဇွဲလားနဲ့ ဇင်ဘာဘွေ နိုင်ငံတို့ဖြစ်ပါတယ်။

ဒီအရွေ့ဟာ ဒေါ်လာအပေါ် ဖိအားတွေ ထပ်တိုးစေမှာဖြစ်ပြီး ဒေါ်လာရဲ့ ကမ္ဘာ့အဓိက အရန်ငွေကြေးအနေနဲ့ ကြီးစိုးရပ်တည်နေတာကို စိန်ခေါ်လာနိုင်ပါတယ်။ ဘယ်လိုပဲ ပြောပြော ဘရစ် အုပ်စုကနေ ဘရစ် ပလပ်စ် (BRICS+) အုပ်စု ဖြစ်လာရင် ဒေါ်လာအပါအဝင် အနောက်အုပ်စုရဲ့ အင်အားကြီး ငွေကြေးတွေဖြစ်တဲ့ ယူရိုရော စတာလင်ပေါင်တွေပါ တန်ဖိုးကျလာနိုင်ပါတယ်။

ဒီထက်ပိုဆိုးတာက ဘရစ် အုပ်စုထဲ ဝင်ချင်တဲ့ နိုင်ငံတွေထဲမှာ ရေနံအင်အားကြီး နိုင်ငံဖြစ်တဲ့ ဆော်ဒီပါဝင်နေတာပါ။ ဆော်ဒီ အုပ်စုကသာ ဘရစ်ထုတ် ငွေကြေးကို စတင်လက်ခံပြီး အသုံးပြုလာမယ်ဆိုရင် ဥရောပနိုင်ငံတွေဆီ ရေနံတင်ပို့တဲ့အခါ ဒေါ်လာအစား ငွေကြေးအသစ်နဲ့ ငွေချေဖို့ တောင်းဆိုလာနိုင်ပါတယ်။ အလားတူပဲ အမေရိကကိုလည်း ဆော်ဒီက ဘရစ်ငွေကြေးအသစ်နဲ့ ငွေချေဖို့ တွန်းအား‌
ပေးလာနိုင်ပါတယ်။

Source: Watcher.Guru


LEAVE A REPLY

Please enter your comment!
Please enter your name here