ဂျပန်နိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၂၀၀) ကျော်ခေါ်ယူ

0
253

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၂၂၅) ဦးကို ထပ်မံခေါ်ယူသွာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကအသိပေး ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၆) ရက်မှ မေလ (၃၁) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၅၇) ခုနှင့် ပတ်သက်ပြီး အချက်အလက်များကို မြန်မာသံရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

မေလ တစ်လလုံးအနေဖြင့် ဂျပန်အလုပ်အကိုင် ကမ်းလှမ်းစာပေးပို့မှု (၇၈၈) ထိ ရှိပြီး သံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များအား အချိန်နှင့် တစ်ပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့် စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်ကမ်းလှမ်းစာ (၃၅၇) စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာလုပ်သားပြန်လည်ခေါ်ယူသည့် (၁) နှစ်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားဦး ရေ ၁၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here