“မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အကူအညီများပေးရာတွင် အဆင်ပြေချောမွေ့ထိရောက်စေရေးဆွေးနွေး

0
189

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်
နှင့်ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မေ ၃၁ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌ တွေ့ဆုံစဥ် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လက်အောက်ခံအဖွဲ့အစည်းများမှ “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် အဆင်ပြေချောမွေ့ရေး၊ထိရောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here