မြောက်ကိုရီးယားက သူလျှိုဂြိုလ်တုလွှတ်တင်ရေး နောက်ထပ်ကြိုးစားမည်ဟု ကတိပြု

0
150

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ညီမဖြစ်သူ ကင်ယိုဂျုံက ၎င်း၏နိုင်ငံသည် စစ်ထောက်လှမ်းရေးဂြိုလ်တုကို မကြာမီ ပတ်လမ်းအတွင်းသို့ လွှတ်တင်မည်ဖြစ်ကြောင်းနှင့် ပြုံယမ်း၏ စစ်ဘက်ထောက်လှမ်းမှုစွမ်းရည်ကို တိုးမြှင့်ပေးမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

“မြောက်ကိုရီးယားရဲ့ စစ်ဘက်ကင်းထောက်ဂြိုလ်တုကို မကြာမီကာလအတွင်း အာကာသပတ်လမ်းတွင်းကို မှန်ကန်စွာ လွှတ်တင်ပြီး မစ်ရှင်စတင်နိုင်မယ်ဆိုတာ သေချာပါတယ်” ဟု KCNA မှ ထုတ်ပြန်သော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ .

ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယား ဂြိုလ်တုလွှတ်တင်မှု ပျက်ကွက်ပြီးနောက် ကင်ယိုဂျုံ၏ မှတ်ချက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဒုံးပျံပျက်ကျစေသည့် ပြဿနာအကြောင်းရင်းကို ဖြေရှင်းရန် သီတင်းပတ်တစ်ပတ် သို့မဟုတ် ယင်းထက်ပို၍ ကြာနိုင်သည်ဟု တောင်ကိုးရီးယား ထောက်လှမ်းရေးအေဂျင်စီကို ကိုးကား၍ နိုင်ငံတကာသတင်းဌာနများက ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ကြသည်။

မြောက်ကိုရီးယား၏ “Malligyong-1” ဟု လူသိများသော စစ်ဘက်ထောက်လှမ်းရေး ဂြိုလ်တုကို သယ်ဆောင်ထားသည့် Chollima-1 ဒုံးပျံသည် မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here