ဗိုလ်တထောင်စေတီတော် စိန်ရတုအထိမ်းအမှတ်အဖြစ် ပိဋကတ်သုံးပုံကို ဆင်ဖြင့်သယ်ယူပြီး လှည့်လည်အပူဇော်ခံခဲ့

0
199

ယနေ့ ဇွန်လ (၁) ရက်တွင် ဗိုလ်တထောင် စေတီတော် စိန်ရတု အထိမ်းအမှတ်အဖြစ် ပိဋကတ်သုံးပုံကို ဆင်ဖြင့်သယ်ယူပြီး လှည့်လည်အပူဇော်ခံခဲ့ကြောင်း ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ရုံးအဖွဲ့မှူးဦးကျော်နိုင်ထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“ပိဋကတ်သုံးပုံကို ဆင်နဲ့သယ်ယူပြီး ဘုရားကိုလက်ယာရစ် တစ်ပါတ်ပါတ်ပြီးတော့ လှည့်လည်အပူဇော်ခံပြီး ကျင်းပပါတယ်။ လှည့်လည်ပြီးတဲ့ အချိန်မှာ ပိဋကတ်သုံးပုံကို ဆရာတော်ဘုရားကြီးကို ပြန်လည်ကပ်လှူပူဇော်ပါတယ်။ မနက်ဖြန်မှာ ဗုဒ္ဓပူဇာနဲ့ သံဃာ့ပူဇာ အခမ်းအနားကျင်းပမှာ ဖြစ်ပါတယ်။ ဘုရားအနေကဇာတင်မယ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲလည်း ပါပါမယ်”ဟု ၎င်းကပြောသည်။

ဗိုလ်တထောင်စေတီတော်ကြီးသည် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၇၅) နှစ် စိန်ရတုနှစ်ကို ပြည့်မြောက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စိန်ရတုနှစ်ပြည့် အထိမ်းအမှတ် ဓမ္မပူဇာအဖြစ် အင်္ဂလိပ်ဘာသာပြန် ပိဋကတ်သုံးပုံအား ဆင်ရတနာနဲ့ဖြင့် စေတီတော်၏ ကားပတ်လမ်းအတိုင်း လယ်ယာရစ်လှည့်လည် ပူဇော်ကာ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပွဲကို ဇွန်လ (၁)ရက်တွင် စေတီတော်ကြီး၏ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here