မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်း ဟေဇာ ဇွန်လအတွင်း ရာထူးမှ အနားယူမည်

0
193

ကုလသမဂ္ဂ၊ ဇွန် ၁

နစက အစိုးရ၏ ဝေဖန်မှုကို ခံခဲ့ရသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စနိုလင်း ဟေဇာသည် ၁၈ လကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် ရာထူးမှ အနားယူသွားမည်ဖြစ်ကြောင်း ကုလ အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူက မေလ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ကုလ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကိုယ်တိုင် သံတမန်အဖြစ် ခန့်အပ်ထားသော နိုလင်း ဟေဇာ၏ တာဝန်သည် စာချုပ်သက်တမ်း ကုန်ဆုံးချိန်ဖြစ်သည့် ဇွန်လ ၁၂ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း စတယ်ဖန် ဒူဂျာရစ်က ပြောခဲ့သည်။

စင်ကာပူ လူမှုရေးသိပ္ပံပညာရှင် ဟေဇာ၏ အဓိက တာဝန်မှာ နစက အစိုးရကို ၎င်း၏ အတိုက်အခံအဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပါဝင်ဆွေးနွေးရန်နှင့် ဆန္ဒပြမှုများအား အကြမ်းနည်းဖြင့် ဖြိုခွဲခြင်းအား အဆုံးသတ်ပေးရန်အတွက် တိုက်တွန်းရန်ဖြစ်သည်။

ဟေဇာသည် မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်အဖြစ် ၁ နှစ်ခွဲ တာဝန်ယူချိန်တွင် မြန်မာသို့ လာရောက်ကာ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊အခြား စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ထိုခရီးစဥ်အပြန် ဟေဇာ၏ ထုတ်ပြန်ချက်များအပေါ် နစက က ဝေဖန်တုန့်ပြန်မူများရှိခဲ့သည်။

Ref: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here