ဘိုင်ဒင်အစိုးရ၏ ချေးယူခွင့် ကန့်သတ်ချက်ကို အမေရိကန် အောက်လွှတ်တော် ထပ်တိုးခွင့်ပေးပြီ

0
213

အမေရိကန် အောက်လွှတ်တော်သည် မေလ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ဘိုင်ဒင်အစိုးရ၏ ချေးယူခွင့် ကန့်သတ်ချက်ကို မဲခွဲဆုံးဖြတ်ကာ ထပ်တိုးခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ချေးယူခွင့် ကန်သတ်ချက် တိုးမြှင့်သည့် ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းသည် အမေရိကအား ကြွေးဆပ်ရန် ပျက်ကွက်မှု (debt default) ဖြစ်ခြင်းမှ လွတ်မြောက်စေမည့် ခြေလှမ်းအစ ဖြစ်စေခဲ့သည်။ အမေရိက၏ ကြွေးဆပ်ရန် ပျက်ကွက်မှု ဖြစ်ခြင်းသည် ၎င်းနိုင်ငံသာမက တစ်ကမ္ဘာလုံး၏ စီးပွားရေးကိုပါ အပြင်းအထန် ထိခိုက်စေမည့် ကိစ္စရပ်ကြီးတစ်ခုဖြစ်သည်။

ဘိုင်ဒင်နှင့် မက်ကာသီက စေ့စပ်ညှိနှိုင်းပေးထားသော အဆိုပါဥပဒေအား အတည်ပြုနိုင်ရန် မနေ့က အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ကြရာ ထောက်ခဲမဲ ၃၁၄ မဲနှင့် ဆန့်ကျင်မဲ ၁၁၇ မဲဖြင့် ချေးယူခွင့် ကန့်သတ်ချက်ကို ထပ်တိုးနိုင်ခဲ့သည်။

ထိုဥပဒေသည် ချေးယူခွင့် ကန့်သတ်ချက်ကို သဘောတူညီထားသည့် ဘတ်ဂျတ်ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ သက်တမ်းတိုးပေးသွားမည် ဖြစ်သည်။ ယခုအခါ အဆိုပါ ဥပေဒကို အထက်လွှတ်တော်သို့ ပေးပို့ကာ ခွင့်ပြုချက် ရယူသွားမည် ဖြစ်ပြီး ယခုအပတ် မကုန်ခင် ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်မှန်းထားသည်။

ဘိုင်ဒင်အစိုးရက ချေးယူသုံးစွဲနေသော ငွေပမာဏသည် ယခုနှစ် အစောပိုင်းကတည်းက ကန့်သတ်ထားသည့် ဒေါ်လာ ၃၁ ထရီလျံ ပြည့်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရ၏ နောက်ပိုင်း အသုံးစရိတ်များကို ရှာကြံကာ ဖြည့်ပေးနေရသည်။

ထို့ကြောင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘိုင်ဒင်အစိုးရအား ချေးယူခွင့် ကန့်သတ်ချက် ကိစ္စရပ်ကို ဇွန်လ ၅ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းရန် သတ်မှတ်လိုက်သဖြင့် အမေရိက၏ စက်ယန္တရားကြီး မရပ်တန့်သွားလိုပါက ယခုအပတ် မကုန်ခင် ထိုဥပဒေကို အပြီးသတ် အတည်ပြုနိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here