“မိုခါ”မုန်တိုင်းကြောင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပျက်စီးမှုများအား ပြန်လည်ပြုပြင်သွားမည်

0
236

ရခိုင်ပြည်နယ်အတွင်း မေ (၁၄) ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများအား ရှေးမူမပျက်ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ လေးမြို့ခေတ် ကောလိယ မင်းလက်ထက်က ရက္ခဝဏ္ဏအက္ခရာဖြင့် သဘာဝ ကျောက်တောင်ကြီးတွင် အပြည့်ရေးထိုးထားသည့် အလှူမှတ်တမ်းတင် လောင်းကြက်တောင် မော်ကျောက်စာရုံ အမိုးပျက်စီးကာ ကျောက်စာပေါ် သို့ ပြိုကျသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကောဇာသက္ကရာဇ် ၉၁၅ ခု၊ အေဒီ ၁၅၅၃ ခုနှစ်တွင် ဘုရင်မင်း တိက္ခာ တည်ထားပူဇော်ခဲ့သည့် ကိုးသောင်းပုထိုးတော်ကြီး၏ အမိုးမှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံ၏အရောင်အသွေးနှင့်ကိုက်ညီမှုရှိသည့် Polycarbonate Sheet များဖြင့်ပြန်လည် အစားထိုးပြုပြင်ထိန်းသိမ်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာ နုမြဇံမှ မေ (၃၀) ရက်ကပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်၏ အမိုးများ၊ ဘုရားခန်းနေရာ၊ မြေပုံခန်းနှင့်ဓာ တ်ခွဲခန်းတို့တွင်လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးမြောက် ဦးခေတ်နှောင်း လက်ရာဘုရားပေါ်ရှိ ရှေးဟောင်းသစ် သားဘုန်းတော်ကြီးကျောင်း၏ အမိုးပိုင်းတစ်ခုလုံး၊သစ်သားကြမ်း ခင်းများနှင့် ထုတ်ယောက်၊ ယက်မများ၊တံခါးဘောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှုများအား ရှေးဟောင်းလက်ရာများအတွင်း ပြန်လည်ထိန်းသိမ်း ပြုပြင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here