(၅၁) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်း (၅၀၀၀) အထူးဆုဆွတ်ခူးခဲ့သည့် အထိမ်းအမှတ်အဖြစ် အိမ်ထောင်စု (၅၁) စုအတွက် ဆန်နှင့် ဆီ လှူဒါန်း

0
446

နေပြည်တော်၌ ဖွင့်လှစ်ထားသည့် ဆုလာဘ်ပိုင်နှင့် ယနေ့ ဇွန် (၁) ရက်တွင်ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေထီ၏ (၅၁) ကြိမ်မြောက်ထီဖွင့်ပွဲတွင် ကျပ်သိန်း (၅၀၀၀) အထူးဆုကြီးအားဆွတ်ခူးနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဆုလာဘ်ပိုင် ထီမင်းထီးမင်းထီဆိုင်မှ အိမ်ထောင်စု (၅၁) စုကို ဆန်တစ်အိတ်နှင့် ဆီတစ်ပုံးဆီ ဝေငှ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီ (၅၁) ကြိမ်မြောက်မှာ ကျပ်သိန်း (၅၀၀၀) အထူးဆုကြီးပေါက်ရင် စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စုတွေကို ဆန်နဲ့ဆီလှူဖို့ အဓိဌာန်ပြုထားတာမှာ အဓိဌာန်ပြည့်မြောက်သွားတဲ့အတွက် အိမ်ထောင်စု(၅၁)စုအတွက်ဆန် (၅၁) အိတ်နဲ့ဆီ (၅၁)ပုံး သွားရောက်လှူဒါန်းတာပါ”ဟု ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်၏ MD ဦးအောင်ဘိုဘိုကပြောသည်။

ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မိသားစုမှ သောက်သုံးရေရှားပါးခက်ခဲနေသည့် အိမ်ထောင်စုများ၊ သီလရှင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သောက်ရေသန့်များအား နေ့စဥ်လှူဒါန်းပေးလျက်ရှိသည်။

ထို့ပြင် အထူးဆုဆွတ်ခူးခဲ့သူအနေဖြင့်လည်း ဆုလာဘ်ပေးနိဗ္ဗာန်ဆိုင်မှ ထုလုပ်ထားသည့် ကျွန်းနက်ဘုရားတစ်ဆူအား အဓိဌာန်ပြု၍ပင့်ဆောင်ပူဇော်ခွင့်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here