YRTC နှင့် Electronic Bus ထုတ်လုပ်ရောင်းချသည့် ကုမ္ပ ဏီသုံးခု ဆွေးနွေးနေဟုဆို

0
459

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များနေရာတွင် လျှပ် စစ်သုံး EV Bus များ ထည့်သွင်းပြေးဆွဲရန်အတွက် ရန်ကု န်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေးကော်မ တီ YRTC နှင့် Electronic Bus ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီသုံးခု ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်း YRTC မှ သိရသည်။

လက်ရှိတွင် EV Bus များအား အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် YBS ယာဉ်များတွင် အစားထိုး ပြောင်းလဲပြေးဆွဲရန် ကနဦးတွင် စစ်တမ်းကောက်ယူခြင်းနှင့် EV Bus ထုတ်လုပ်တင်သွင်းရောင်းချသည့် ကုမ္ပဏီများနှင့် စတင်ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို Pilot Project အနေဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး သင့်တင့်မျှတသည့် ယာဉ်စီးခနှုန်းထားများ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

EV Bus များဖြင့် မြို့တွင်း၌ ပြေးဆွဲပါက ရင်းနှီးမြှုပ်နှံမှုများအတွက် ပြန်လည်တွက်ချက်ရမည်ဖြစ်ကာ Youtong ကုမ္ပဏီနှင့် EV survey လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

လက်ရှိတွင် ကုမ္ပဏီ (၉) ခုမှ လျှပ်စစ်ကားများတင်သွင်းနေပြီး ကုမ္ပဏီအလိုက် အစီးရေ (၁၀) စီးစီ တက္ကစီအဖြစ်ပြေးဆွဲပေးနေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုနိုင်ရန် အစိုးရအနေဖြင့် ရည်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here