အာဆီယံနိုင်ငံများမှပေးပို့သည့် အမေရိကန်ဒေါ်လာ ၇ သောင်းကျော်တန်ဖိုးရှိ အကူအညီပစ္စည်းများ စတုတ္ထအသုတ်ရောက်ရှိ

0
175

“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် အာဆီယံနိုင်ငံများမှပေးပို့သည့် အမေရိကန်ဒေါ်လာ ၇၂၀၀၀ တန်ဖိုးရှိ အကူအညီပစ္စည်းများ ဇွန် ၁ ရက်နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က မလေးရှားလေကြောင်းလိုင်းမှလေယာဥ်ဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။

Shetter Tool Kit ၄၅၀ ခု၊ Family Tent ၂၀ ဖာ၊ Water Filteration System ၁ ဖာ၊ Water Filteration System (Pump) ၂ ဖာ၊တာပေါ်လင်စ ၂၆၂ ခုတို့ စတုတ္ထအသုတ်အဖြစ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရောက်ရှိလာသည့်အကူအညီပစ္စည်းများအား AHA Centre မှတာဝန်ရှိသူ၊ရန်ကုန်တိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းစိုးနှင့်တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

ထို့နောက် မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံ ရောက်ရှိလာသည့် အကူအညီပစ္စည်းများအား ဆက်လက်ပို့ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here