မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လမ်း‌ကြောင်းမှ (၂)လနီးပါး ကာလအတွင်း ကန်ဒေါ်လာ (၂) သန်း‌ ကျော်ဆောင်ရွက်ထား

0
173

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှစတင်ကာ လက်ရှိအချိန်ထိ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်း‌ကြောင်းမှတဆင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂) သန်းကျော် ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှု ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉၃၈ သန်း ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ် လာ ၀ ဒဿမ ၃၁၀ သန်း အသုံးပြုထားကြောင်း သိရသည်။

အဆိုပါ စာရင်းဇယားများမှာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) မေလ (၂၆) ရက်အထိ ဆောင်ရွက်ထားသည့် ကုန်သွယ်မှု ဝင်ငွေထွက်‌ငွေစာရင်း ဖြစ်ပြီး မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတို့မှဆောင်ရွက်ထားသည့် ကုန်သွယ်မှုအခြေအနေများ ဖြစ်သည်။

ယင်းကာလအတွင်း စစ်တွေနယ်စပ်မှတဆင့် ကုန်သွယ်မှုဝင်ငွေ ၀.၇၁၈ သန်းရရှိထားပြီး သွင်းကုန်အနေဖြင့် ၀.၃၀၃ သန်းဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ တန်ဖိုး ၁.၀၂၁ သန်း ဆောင်ရွက်ထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အပြင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရငွေ ၁.၂၂၀ သန်းနှင့် သွင်းကုန်ကဏ္ဍ၌ ၀.၀၀၇ သန်းဖြ င့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ၁.၂၂၇ သန်း ဆောင်ရွက်ထားကြောင်း စီးပွားကူးသန်း ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်သွယ်ရေး စခန်းနှစ်ခုမှ ရေထွက်ကုန်တင်ပို့ရာတွင် မွေးမြူရေး ငါးမြစ်ချင်း၊ ငါးမုတ်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here