ဗိုလ်တထောင် စိန်ပေါလ်မှတ်တိုင်အနီးတွင် အိမ်စီးကားဓာတ်တိုင်ဝင်တိုက်ပြီး ပက်လက်လန်တိမ်းမှောက်

0
187

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်၊ စိန်ပေါလ်ကားမှတ်တိုင်အနီးတွင် ဇွန် ၂ ရက်ညပိုင်းက အိမ်စီးကားတစ်စီးပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီခန့်က ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းအတိုင်းမောင်းနှင်လာသည့် အိမ်စီးကားသည် စိန်ပေါလ်မှတ်တိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အားဝင်တိုက်မိပြီးနောက် ပက်လက်လန်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကားကအတော်ပျက်စီးသွားတယ် ထိခိုက်ဒဏ်ရာရတာမရှိပါဘူး ပျက်စီးသွားတာတွေကို ကူညီရှင်းလင်းပေးခဲ့ပါတယ်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ ပက်လက်လန်တိမ်းမှောက်မှုကြောင့် ပျက်စီးသွားသည့်အိမ်စီးကား၏ အစိတ်အပိုင်းများအား ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here