ပြည်ပသွင်းကုန်များအတွက် ဘဏ်ငွေလွှဲပြောင်းပေးခြင်းစနစ်ဖြင့်သာ ငွေပေးချေရန်ညွှန်ကြား

0
211

ပြည်ပမှ သွင်းကုန်ပစ္စည်းများအတွက် ဘဏ်ငွေလွှဲပြောင်းပေးခြင်းစနစ်ဖြင့်သာ ငွေပေးချေရန် ဗဟိုဘဏ်မှ ညွှန်ကြားထားသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပင်လယ်ရေကြောင်းမှဖြစ်စေ၊နယ်စပ်မှဖြစ်စေ ပြည်ပမှတင်သွင်းမည့် သွင်းကုန်ပစ္စည်းများအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာတွင် ပြည်တွင်းဘဏ်များမှဖြစ်စေ ၊ ပို့ကုန်ရငွေမှဖြစ်စေ ဝယ်ယူ၍ ဘဏ်ငွေလွှဲပြောင်းပေးခြင်းစနစ်ဖြင့်သာ ပေးချေခွင့်ပြုရန် ဗဟိုဘဏ်မှ ညွှန်ကြားထားသည်။

ယင်းအပြင် တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်လည်း ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ရှိကြောင်း Bank Statement ဖြင့်တင်ပြလျှောက်ထားရန်လည်း အသိပေးထားသည်။

ကုန်သည်အချို့က ပြည်တွင်းဘဏ်များက နိုင်ငံခြား​ငွေ အလုံအ​လောက်​ရောင်း​ပေးနိုင်မူအ​ပေါ်စိုးရိမ်စိတ်များရှိ​နေသလို ဗဟိုဘဏ်ကလည်း စိုးရိမ်စိတ်မရှိရန် ထုတ်ပြန်ထားသည်များရှိသည်။

ပြည်ပမှ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် CMP ပစ္စည်များတင်သွင်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ နှစ်လတာနီးပါးကာလအတွင်း သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၉ ဘီလီယံရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here