မုန့်ဆိုင်မီးလောင်မှု၌ဆိုင်ရှင်၏သားမက်ဖြစ်သူမီးလောင်သေဆုံး

0
384

ဧရာဝတီတိုင်း၊ကြံခင်းမြို့၊ရွာသစ်ရပ်ကွက်ရှိ မုန့်မျိုးစုံအရောင်းဆိုင်တွင် ဇွန် ၄ ရက်(ယနေ့)နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်မြတ်ဓမ္မနာရေးကူညီမှုအသင်းတို့မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်က အဆိုပါ မုန့်မျိုးစုံအရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား၍ ကြံခင်းမြို့ နယ်မီးသတ်စခန်း၊မြန်အောင်မြို့နယ်မီးသတ်စခန်း၊ဘက်ရဲရွာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးလောင်တာကိုဝိုင်းငြှိမ်းပြီး ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ အမျိုးသားတစ်ယောက်ကို မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်၊သိရသလောက်ဆိုရင် သေဆုံးတဲ့လူက မုန့်ဆိုင်ပိုင်ရှင်ရဲ့သားမက်ပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၄ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းအား မြတ်ဓမ္မနာရေးကူညီမှုအသင်းကားဖြင့် ကြံခင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here